Categories:
    လေထဲကအိမ်လေး
    လေထဲက အိမ်လေးဟာ အမှန်တကယ်ဖြစ်တယ်
    လေထဲက အိမ်လေးဟာ ထိတွေ့ကိုင်တွယ်လို့ ရတယ်။
    လောကဓံကို ၀န်ထုပ်ဝန်ပိုးတစ်ခုလို
    မတွေးခေါ်တာက အိမ်လေးရဲ့ အထာပဲ
    မိုးပြာရောင် ခန်းစီး စတွေ လွင့်ပျံလို့
    အိမ်အ၀င်မှာ သူ့ရယ်သံလွင်လွင်ကို ချိတ်ဆွဲထားတယ်။
    ကိုယ်တို့ခိုးယူထားတဲ့ ကြယ်တွေနဲ့
    ညပ်သပ်နေတဲ့ အိမ်ကလေးလို့
    ကိုယ့်အပြောကို သဘောကျ စွာ
    နှုတ်ခမ်းပေါ် လက်လေးအုပ်ပြီး ရယ်မောနေကျ
    ကဗျာတွေရွတ်ဖတ်နေကျ သီချင်းအတူဆိုနေကျ
    ချစ်ခြင်းရဲ့ အနက် ဟာ ပီပြင်စွာ
    ဒီလို ယဉ်ကျေးမှုမျိုး ဖောဖောသီသီ ထွန်းကားတဲ့
    အိမ်ကလေး။
    ဘယ်တော့မှ အပြစ်မတင်တတ်တဲ့ သူ့အပြုံးနုနုအောက်မှာ
    ကိုယ့် အမှားတွေဟာ ရိုကျိုး သိမ်မွေ့လို့
    တစ်ခါတစ်ခါ ကိုယ့်ဆီက လွတ်ကျလာတတ်တဲ့ အော်ဟစ်သံဟာ
    အိမ်ရဲ့ ဆည်းလည်း လို့လဲ ပြောတတ်သေး
    ကိုယ် ဘယ်လို လုပ်ရမလဲ၊ ဒါဟာ။
    ရောင်စုံအိပ်မက်တွေဟာ ဒီအိမ်ကလေးမှာ
    ခင်းထားတဲ့ ကြမ်း ဖြစ်တယ်
    ကိုယ်တို့ရဲ့ ရိုင်းစိုင်းကြမ်းတမ်းမှုတွေကို မြေကြီးပေါ်ချစိုက်လိုက်တော့
    လူတွေတပ်မက်တတ်တဲ့ ငွေကြေးနဲ့ကျော်ကြားမှုတွေဟာ
    အိမ်နောက်ဖေးက စမ်းချောင်းလေးနဲ့အတူစီးဆင်းသွားခဲ့ပြီ။
    ငှက်တွေအိပ်တန်း ပြန် သလို
    နေညိုရင် ကိုယ်ပြန်ရမယ့်နေရာ
    လေပြင်းနဲ့ကြုံလည်း မရောက်,ရောက်အောင် ကိုယ် ပြန်ခဲ့ပါမယ်
    အိမ်ရဲ့ နံရံ ၊ မျက်နှာကျက် ၊ ပြတင်းတံခါးများနဲ့ သူမ
    ကိုယ့်ကို အမြဲဖမ်းစားထားလို့လည်း
    မရောက်,ရောက်အောင် ပျံသန်းခဲ့ပါမယ်။
    မေ့မသွားနဲ့ပေါ့ ဒါဟာ
    တကယ်ရှိတဲ့ အိမ်လေး ၊ မြင်ရတယ် ကြားရတယ်
    သူ့စိတ်ကလေး ကိုယ့်ဆီ တိမ်းညွတ်နေသ၍
    အိမ်ကလေး ရှိနေတယ်
    ကိုယ့်မိုးသားတွေ သူ့ဖက်ကို ရွေ့လျားနေသ၍
    အိမ်ကလေး ရှိနေတယ်
    ဒီခေတ်ထဲမှာ မလွယ်ပါဘူး ဆိုတဲ့
    ကိုယ်တို့ စောင့်စည်း သည်းခံ နိုင်မှု တန်ဖိုးကြီးကြီးကြောင့်လည်း
    အိမ်ကလေး အမြဲ ရှိနေတယ်။
    ပိုင်မင်းဆွေ
    ..................................................................................................................
    .................................................................................................................
    23 Responses
    1. အကိုမင်းဆွေ.. ဂျီတော့မှာ ကဗျာနုနုလေးဖတ်မလားဆိုလို့ သွားကြည့်လိုက်တာ..တကယ်ကိုနုရွနေတာပဲ... ကြိုက်လွန်းလို့ တခါတည်း ကူးသွားလိုက်တယ်... =P..
      များကြီးအားကြီးဆက်ရေးနိုင်ပါစေ.
    2. နောင်တော်ရေ .... ၀ါကျွတ်တော့မယ်နော် :P
      တိဝူး ကဗျာလေးဖတ်ပီး အနော်သဘောပေါက်သလို ပြောလိုက်တာ...ဟားဟား :D
      နောင်တော်ရေ ညီတို့ ပရိသတ်တွေကို ပစ်မထားပါနဲ့ဗျို့ ကဗျာတွေရေးပါဦး ပျော်ရွှင်ပါစေခင်ဗျာ :) :)
    3. အိမ်လေးက ချစ်စရာလေးပါလားဗျာ
    4. အိမ်လေးက လှလွန်းလို့ ထိတောင် မထိရက်တော့ဘူး ပွန်းပဲသွားမှာဆိုးလို့
      လေထဲက အိမ်ကလေးဟာ လေထဲမှာပဲ ပျောက်ပျယ်သွားနိုင် သလား ကိုနောင်တော်
      ကဗျာလေးက အ၇မ်းကောင်းပါတယ်။ စောင့်ရကျိုးနပ်တယ်ပြော ရမှာပေါ့နော် ။ :D
    5. ကဗျာလေးက ချစ်စရာကောင်းတယ် နုနုရွရွလေး။
      ခံစားမှုတွေ အရမ်းသိမ်မွေ့နေတယ် ထင်တယ် :P
      ကိုးရီးယား ရုပ်ရှင်ကြည့်ရသလိုပဲ :D
      အိမ်ကလေးက ချစ်စရာကောင်းသလို
      အိမ်ရှင်မလေးလဲ ချစ်စရာကောင်းမယ် ထင်တယ် ဟီးဟီး
    6. ဒီခေတ်ထဲမှာ မလွယ်ပါဘူး ဆိုတဲ့
      ကိုယ်တို့ စောင့်စည်း သည်းခံ နိုင်မှု တန်ဖိုးကြီးကြီးကြောင့်လည်း
      အိမ်ကလေး အမြဲ ရှိနေတယ်။
      ဒီအဖွဲ့လေးကို ကြိုက်တယ်နောင်တော်
      မလာတာကြာတော့ နော်တော့် ကဗျာတွေကိုသေချာခံစားသွားတယ်
    7. what a lovely house...
    8. ညိမ်းညိုပြောသလို ၀ါကျွတ်တော့မှာ မို့လို့လား အကို :P ၊ ကဗျာတစ်ပုဒ်လုံး ရိုးရိုးလေးနဲ့ ဆန်းတယ်နော် ၊ အကို ကဗျာတွေ စောင့်ရကျိုး နပ်တော့မယ်ဗျို့ ၊ အားလုံး အဆင်ပြေပါစေ အကိုနောင်တော် ရေ :) :D
      THS
    9. ကဗျာ ကနူးနူးညံ့ညံ့နဲ့ ပေါ်ပေါ်လွင်လွင်လေး ကောင်းပါ့
    10. ငှက်တွေအိပ်တန်း ပြန် သလို
      နေညိုရင် ကိုယ်ပြန်ရမယ့်နေရာ
      လေပြင်းနဲ့ကြုံလည်း မရောက်,ရောက်အောင် ကိုယ် ပြန်ခဲ့ပါမယ်
      အိမ်ရဲ့ နံရံ ၊ မျက်နှာကျက် ၊ ပြတင်းတံခါးများနဲ့ သူမ
      ကိုယ့်ကို အမြဲဖမ်းစားထားလို့လည်း
      မရောက်,ရောက်အောင် ပျံသန်းခဲ့ပါမယ်။
      အဲဒီ့အပိုဒ်လေးကိုဖတ်လိုက်မိတိုင်း လွမ်းသွားတယ်ဗျာ....
      သိပ်ကိုလှပတဲ့ ကဗျာကောင်းလေးတစ်ပုဒ်ပါပဲ ကိုပိုင်မင်းဆွေ...
    11. အဲဒါက တကယ်မဟုတ်ဘူး
      ဒါကြောင့် တကယ်ဟုတ်နေတာတွေထက်ကို
      ပိုကောင်းမြတ်တယ်....
      ကျွန်တော်နားလည်သလိုရေးလိုက်တာပါ...
      ကဗျာကိုလည်း ကူးသွားပါတယ်
    12. ကဗျာဆိုတာ ရင်ထဲကခံစားချက်ကို အသိဥာဏ်နဲ့ ဘောင်ကွပ်လိုက်တာလို့ထင်တယ်..လူတိုင်းခံစားတတ်တယ်..အဲဒီခံစားချက်ကိုကောင်းကောင်ဘောင်မကွပ်တတ်ရင်..ကဗျာတွေကရိုင်းနေတတ်တယ်..ဒီကဗျာမှာ ယူ့ရဲ့ခံစားချက်ကို ကောင်းကောင်းဘောင်ကွပ်ထားနိုင်တယ်တယ်လို့ထင်တယ်
    13. လေထဲ က အိမ်လေး အမြန်ဆုံး လက်တွေ့ ဖြစ်လာပါစေ :P
    14. သူ့စိတ်ကလေး ကိုယ့်ဆီ တိမ်းညွတ်နေသ၍
      အိမ်ကလေး ရှိနေတယ်
      ကိုယ့်မိုးသားတွေ သူ့ဖက်ကို ရွေ့လျားနေသ၍
      အိမ်ကလေး ရှိနေတယ်
    15. အိမ် ဆိုတဲ့ အရေးအသား မျိုးကို ကျွန်တော် ရေးချင်နေတာ ကြာခဲ့ပါပြီ။ ခုတော့ ကျွန်တော့်မှာ အိမ် လေး သုံးပုဒ်တောင် ရှိခဲ့ပြီ။ တစ်ပုဒ်တင်ထားပြီး.. မှင် ကောင်းကောင်းနဲ့ ရပ်နေတာမဟုတ်ပါခင်ဗျား။ ကျွန်တော် လည်း မအားတာနဲ့ ဘလော့ဆီကို မရောက်ဖြစ်တာပါ။ ခုတော့ အချောသပ်ပြီး တင်ဖို့ လုပ်နေပီပေါ့ဗျာ။ ကွန်မန့်တွေ များကြီး တွေ့ရတော့ ၀မ်းသာနေပါတယ်ခင်ဗျား။ တစ်ယောက်ချင်းရဲ့ မှတ်ချက်တွေအပေါ် ကျွန်တော့်မှာ ပြောစရာစကားတွေ ရှိပါတယ်။ အချိန်ရတဲ့အခါ လိုက်လံ နှုတ်ဆက်ပါမယ် ခင်ဗျား။ ခင်ဗျားက ဒီလို ခံစားရသလား... အော်.. ဟုတ်လားပေါ့။
      တကယ်လည်း အများနဲ့သက်ဆိုင်သော အိမ်လေးလို့နောက်ပိုင်း ကျွန်တော် တွေးနေမိတယ်။
      ခင်ဗျားတို့ ဒီလိုမျိုးလေး မတွေးမိဘူးလား... လို့ ကျွန်တော်က ကျွန်တော့်သူငယ်ချင်းတွေကို မေးတတ်လေ့ရှိတယ်ဗျ။ ရုပ်ဝတ္တုတွေအကြောင်းပဲ နေ့တဓူဝ ကြားနေကြရတဲ့ ကမ္ဘာတစ်ဝှမ်းက သူငယ်ချင်း အပေါင်းအသင်းများကို ကျွန်တော်က ဒီကဗျာလေးတွေနဲ့ တစ်နေရာကို ခေါ်သွားချင်နေတာပေါ့။ ကျွန်တော့်စိတ်ကူးက ဖြူသလား မဲသလား။ ခင်ဗျားက ရင်းနှီးတဲ့ လူတစ်ယောက်ဆိုရင်တော့ ကျွန်တော်က ဒီအကြောင်းတွေကို အာပေါင်အာရင်းသန်သန် ပြောပြချင်ပါသေးတယ်။
      ကဗျာကိုရေးနေတဲ့အချိန်မှာ ကျွန်တော် ဘယ်လို ခံစားနေရပါတယ် .. တို့ ဘာတို့ ပေါ့ဗျာ။ ဘယ်လိုလဲ ခင်ဗျား.. နားထောင်ချင်မလား။ ကျွန်တော်ကတော့ ပြောချင်နေတယ်ဗျ။
      ကဗျာဖတ်သူများကို ရင်းနှီး ခင်မင်စွာဖြင့်..
      ပိုင်မင်းဆွေ
      ၂၉.၆.၂၀၀၈
      ......................................................
    16. နားထောင်ချင်သပနောင်တော်ရာ မန္တလေးမှာ ဆုံကြမယ်ဗျာ :) :)
    17. ကိုပိုင်မင်းဆွေ
      လာမကြည့်ဖြစ်တာတောင် ကြာသွားပြီ ..
      ကဗျာတွေ ကူးသွားသလို၊ ကဗျာတွေထားခဲ့ပါတယ် ..
      ကိုထက်
      (1) Mg Chaw Nwe (69 poems)
      http://www.zshare.net/download/175878966bc69efc/
      http://www.mediafire.com/download.php?zifcmyb85us
      (2) Aung Chaint
      http://www.zshare.net/download/17667829f14c151f/
      http://www.mediafire.com/?wltk4e0xi18
      (3) Mg Thar Noe - A Cloud in Trousers
      http://www.zshare.net/download/1773127518ed5048/
      http://www.mediafire.com/?4vatgbiuq3l
      (4) Mg Thit Min - Three Men' Sky
      http://www.zshare.net/download/17841405ba6e7025/
      http://www.mediafire.com/?2waazqidrwa
    18. ဒီအိမ်လေးကိုတော့ ရင်ဘတ်ထဲထည့်ခိုးသွားတယ်ဗျို့
    19. ကဗျာနုနုရွရွလေးကို အားပေးသွားကြောင်းပါ။ ဒီလိုမျိုးလေးတွေကို ရေးချင်ပေ့မယ် မထွက်ဘူးဖြစ်နေတာ။ လင့်ခ်ထားခဲ့ပါတယ်။ လာလည်ပါဦး။
    20. လေထဲက အိမ်လေးက ချစ်စရာလေး...
    21. ကဗျာရေးနေတဲ့အချိန်မှာခံစားရတဲ့ကိုမင်းဆွေရဲ့ခံစားချက်တွေကိုနားထောင်ချင်ပါသေးတယ်။အခွင့်အရေးရခဲ့ရင်ပေါ့လေ။
    22. ကောင်းမှ ကောင်း... အကြောင်းပြချက်မရှိပဲနဲ့ ကို အလွတ်ကျက် မိတယ်.....
Tuesday, June 10, 2008
လေထဲကအိမ်လေး
လေထဲက အိမ်လေးဟာ အမှန်တကယ်ဖြစ်တယ်
လေထဲက အိမ်လေးဟာ ထိတွေ့ကိုင်တွယ်လို့ ရတယ်။
လောကဓံကို ၀န်ထုပ်ဝန်ပိုးတစ်ခုလို
မတွေးခေါ်တာက အိမ်လေးရဲ့ အထာပဲ
မိုးပြာရောင် ခန်းစီး စတွေ လွင့်ပျံလို့
အိမ်အ၀င်မှာ သူ့ရယ်သံလွင်လွင်ကို ချိတ်ဆွဲထားတယ်။
ကိုယ်တို့ခိုးယူထားတဲ့ ကြယ်တွေနဲ့
ညပ်သပ်နေတဲ့ အိမ်ကလေးလို့
ကိုယ့်အပြောကို သဘောကျ စွာ
နှုတ်ခမ်းပေါ် လက်လေးအုပ်ပြီး ရယ်မောနေကျ
ကဗျာတွေရွတ်ဖတ်နေကျ သီချင်းအတူဆိုနေကျ
ချစ်ခြင်းရဲ့ အနက် ဟာ ပီပြင်စွာ
ဒီလို ယဉ်ကျေးမှုမျိုး ဖောဖောသီသီ ထွန်းကားတဲ့
အိမ်ကလေး။
ဘယ်တော့မှ အပြစ်မတင်တတ်တဲ့ သူ့အပြုံးနုနုအောက်မှာ
ကိုယ့် အမှားတွေဟာ ရိုကျိုး သိမ်မွေ့လို့
တစ်ခါတစ်ခါ ကိုယ့်ဆီက လွတ်ကျလာတတ်တဲ့ အော်ဟစ်သံဟာ
အိမ်ရဲ့ ဆည်းလည်း လို့လဲ ပြောတတ်သေး
ကိုယ် ဘယ်လို လုပ်ရမလဲ၊ ဒါဟာ။
ရောင်စုံအိပ်မက်တွေဟာ ဒီအိမ်ကလေးမှာ
ခင်းထားတဲ့ ကြမ်း ဖြစ်တယ်
ကိုယ်တို့ရဲ့ ရိုင်းစိုင်းကြမ်းတမ်းမှုတွေကို မြေကြီးပေါ်ချစိုက်လိုက်တော့
ဝါးပင် ၀ါဝါ ကြီးတွေ ပေါက်လာတယ်
လူတွေတပ်မက်တတ်တဲ့ ငွေကြေးနဲ့ကျော်ကြားမှုတွေဟာ
အိမ်နောက်ဖေးက စမ်းချောင်းလေးနဲ့အတူစီးဆင်းသွားခဲ့ပြီ။
ငှက်တွေအိပ်တန်း ပြန် သလို
နေညိုရင် ကိုယ်ပြန်ရမယ့်နေရာ
လေပြင်းနဲ့ကြုံလည်း မရောက်,ရောက်အောင် ကိုယ် ပြန်ခဲ့ပါမယ်
အိမ်ရဲ့ နံရံ ၊ မျက်နှာကျက် ၊ ပြတင်းတံခါးများနဲ့ သူမ
ကိုယ့်ကို အမြဲဖမ်းစားထားလို့လည်း
မရောက်,ရောက်အောင် ပျံသန်းခဲ့ပါမယ်။
မေ့မသွားနဲ့ပေါ့ ဒါဟာ
တကယ်ရှိတဲ့ အိမ်လေး ၊ မြင်ရတယ် ကြားရတယ်
သူ့စိတ်ကလေး ကိုယ့်ဆီ တိမ်းညွတ်နေသ၍
အိမ်ကလေး ရှိနေတယ်
ကိုယ့်မိုးသားတွေ သူ့ဖက်ကို ရွေ့လျားနေသ၍
အိမ်ကလေး ရှိနေတယ်
ဒီခေတ်ထဲမှာ မလွယ်ပါဘူး ဆိုတဲ့
ကိုယ်တို့ စောင့်စည်း သည်းခံ နိုင်မှု တန်ဖိုးကြီးကြီးကြောင့်လည်း
အိမ်ကလေး အမြဲ ရှိနေတယ်။
ပိုင်မင်းဆွေ
..................................................................................................................
.................................................................................................................
23 comments:
ဘာညာ said...
အကိုမင်းဆွေ.. ဂျီတော့မှာ ကဗျာနုနုလေးဖတ်မလားဆိုလို့ သွားကြည့်လိုက်တာ..တကယ်ကိုနုရွနေတာပဲ... ကြိုက်လွန်းလို့ တခါတည်း ကူးသွားလိုက်တယ်... =P..
များကြီးအားကြီးဆက်ရေးနိုင်ပါစေ.
ညိမ်းညို said...
နောင်တော်ရေ .... ၀ါကျွတ်တော့မယ်နော် :P
တိဝူး ကဗျာလေးဖတ်ပီး အနော်သဘောပေါက်သလို ပြောလိုက်တာ...ဟားဟား :D
နောင်တော်ရေ ညီတို့ ပရိသတ်တွေကို ပစ်မထားပါနဲ့ဗျို့ ကဗျာတွေရေးပါဦး ပျော်ရွှင်ပါစေခင်ဗျာ :) :)
ကောင်းကင်ကို said...
အိမ်လေးက ချစ်စရာလေးပါလားဗျာ
နှင်းပွင့်ဖြူလေး said...
အိမ်လေးက လှလွန်းလို့ ထိတောင် မထိရက်တော့ဘူး ပွန်းပဲသွားမှာဆိုးလို့
လေထဲက အိမ်ကလေးဟာ လေထဲမှာပဲ ပျောက်ပျယ်သွားနိုင် သလား ကိုနောင်တော်
ကဗျာလေးက အ၇မ်းကောင်းပါတယ်။ စောင့်ရကျိုးနပ်တယ်ပြော ရမှာပေါ့နော် ။ :D
ကိုချမ်း said...
ကဗျာလေးက ချစ်စရာကောင်းတယ် နုနုရွရွလေး။
ခံစားမှုတွေ အရမ်းသိမ်မွေ့နေတယ် ထင်တယ် :P
ကိုးရီးယား ရုပ်ရှင်ကြည့်ရသလိုပဲ :D
အိမ်ကလေးက ချစ်စရာကောင်းသလို
အိမ်ရှင်မလေးလဲ ချစ်စရာကောင်းမယ် ထင်တယ် ဟီးဟီး
chaos said...
ဒီခေတ်ထဲမှာ မလွယ်ပါဘူး ဆိုတဲ့
ကိုယ်တို့ စောင့်စည်း သည်းခံ နိုင်မှု တန်ဖိုးကြီးကြီးကြောင့်လည်း
အိမ်ကလေး အမြဲ ရှိနေတယ်။
ဒီအဖွဲ့လေးကို ကြိုက်တယ်နောင်တော်
မလာတာကြာတော့ နော်တော့် ကဗျာတွေကိုသေချာခံစားသွားတယ်
Mintasay said...
what a lovely house...
Anonymous said...
ညိမ်းညိုပြောသလို ၀ါကျွတ်တော့မှာ မို့လို့လား အကို :P ၊ ကဗျာတစ်ပုဒ်လုံး ရိုးရိုးလေးနဲ့ ဆန်းတယ်နော် ၊ အကို ကဗျာတွေ စောင့်ရကျိုး နပ်တော့မယ်ဗျို့ ၊ အားလုံး အဆင်ပြေပါစေ အကိုနောင်တော် ရေ :) :D
THS
အိ said...
ကဗျာ ကနူးနူးညံ့ညံ့နဲ့ ပေါ်ပေါ်လွင်လွင်လေး ကောင်းပါ့
Yan said...
ငှက်တွေအိပ်တန်း ပြန် သလို
နေညိုရင် ကိုယ်ပြန်ရမယ့်နေရာ
လေပြင်းနဲ့ကြုံလည်း မရောက်,ရောက်အောင် ကိုယ် ပြန်ခဲ့ပါမယ်
အိမ်ရဲ့ နံရံ ၊ မျက်နှာကျက် ၊ ပြတင်းတံခါးများနဲ့ သူမ
ကိုယ့်ကို အမြဲဖမ်းစားထားလို့လည်း
မရောက်,ရောက်အောင် ပျံသန်းခဲ့ပါမယ်။
အဲဒီ့အပိုဒ်လေးကိုဖတ်လိုက်မိတိုင်း လွမ်းသွားတယ်ဗျာ....
သိပ်ကိုလှပတဲ့ ကဗျာကောင်းလေးတစ်ပုဒ်ပါပဲ ကိုပိုင်မင်းဆွေ...
ကိုပေါက်ကျိုင်း said...
အဲဒါက တကယ်မဟုတ်ဘူး
ဒါကြောင့် တကယ်ဟုတ်နေတာတွေထက်ကို
ပိုကောင်းမြတ်တယ်....
ကျွန်တော်နားလည်သလိုရေးလိုက်တာပါ...
ကဗျာကိုလည်း ကူးသွားပါတယ်
Anonymous said...
ကဗျာဆိုတာ ရင်ထဲကခံစားချက်ကို အသိဥာဏ်နဲ့ ဘောင်ကွပ်လိုက်တာလို့ထင်တယ်..လူတိုင်းခံစားတတ်တယ်..အဲဒီခံစားချက်ကိုကောင်းကောင်ဘောင်မကွပ်တတ်ရင်..ကဗျာတွေကရိုင်းနေတတ်တယ်..ဒီကဗျာမှာ ယူ့ရဲ့ခံစားချက်ကို ကောင်းကောင်းဘောင်ကွပ်ထားနိုင်တယ်တယ်လို့ထင်တယ်
စိုးထက် - Soe Htet ! said...
လေထဲ က အိမ်လေး အမြန်ဆုံး လက်တွေ့ ဖြစ်လာပါစေ :P
Mintasay said...
သူ့စိတ်ကလေး ကိုယ့်ဆီ တိမ်းညွတ်နေသ၍
အိမ်ကလေး ရှိနေတယ်
ကိုယ့်မိုးသားတွေ သူ့ဖက်ကို ရွေ့လျားနေသ၍
အိမ်ကလေး ရှိနေတယ်
နောင်တော် ၊ ပိုင်မင်းဆွေ said...
အိမ် ဆိုတဲ့ အရေးအသား မျိုးကို ကျွန်တော် ရေးချင်နေတာ ကြာခဲ့ပါပြီ။ ခုတော့ ကျွန်တော့်မှာ အိမ် လေး သုံးပုဒ်တောင် ရှိခဲ့ပြီ။ တစ်ပုဒ်တင်ထားပြီး.. မှင် ကောင်းကောင်းနဲ့ ရပ်နေတာမဟုတ်ပါခင်ဗျား။ ကျွန်တော် လည်း မအားတာနဲ့ ဘလော့ဆီကို မရောက်ဖြစ်တာပါ။ ခုတော့ အချောသပ်ပြီး တင်ဖို့ လုပ်နေပီပေါ့ဗျာ။ ကွန်မန့်တွေ များကြီး တွေ့ရတော့ ၀မ်းသာနေပါတယ်ခင်ဗျား။ တစ်ယောက်ချင်းရဲ့ မှတ်ချက်တွေအပေါ် ကျွန်တော့်မှာ ပြောစရာစကားတွေ ရှိပါတယ်။ အချိန်ရတဲ့အခါ လိုက်လံ နှုတ်ဆက်ပါမယ် ခင်ဗျား။ ခင်ဗျားက ဒီလို ခံစားရသလား... အော်.. ဟုတ်လားပေါ့။
တကယ်လည်း အများနဲ့သက်ဆိုင်သော အိမ်လေးလို့နောက်ပိုင်း ကျွန်တော် တွေးနေမိတယ်။
ခင်ဗျားတို့ ဒီလိုမျိုးလေး မတွေးမိဘူးလား... လို့ ကျွန်တော်က ကျွန်တော့်သူငယ်ချင်းတွေကို မေးတတ်လေ့ရှိတယ်ဗျ။ ရုပ်ဝတ္တုတွေအကြောင်းပဲ နေ့တဓူဝ ကြားနေကြရတဲ့ ကမ္ဘာတစ်ဝှမ်းက သူငယ်ချင်း အပေါင်းအသင်းများကို ကျွန်တော်က ဒီကဗျာလေးတွေနဲ့ တစ်နေရာကို ခေါ်သွားချင်နေတာပေါ့။ ကျွန်တော့်စိတ်ကူးက ဖြူသလား မဲသလား။ ခင်ဗျားက ရင်းနှီးတဲ့ လူတစ်ယောက်ဆိုရင်တော့ ကျွန်တော်က ဒီအကြောင်းတွေကို အာပေါင်အာရင်းသန်သန် ပြောပြချင်ပါသေးတယ်။
ကဗျာကိုရေးနေတဲ့အချိန်မှာ ကျွန်တော် ဘယ်လို ခံစားနေရပါတယ် .. တို့ ဘာတို့ ပေါ့ဗျာ။ ဘယ်လိုလဲ ခင်ဗျား.. နားထောင်ချင်မလား။ ကျွန်တော်ကတော့ ပြောချင်နေတယ်ဗျ။
ကဗျာဖတ်သူများကို ရင်းနှီး ခင်မင်စွာဖြင့်..
ပိုင်မင်းဆွေ
၂၉.၆.၂၀၀၈
......................................................
ညိမ်းညို said...
နားထောင်ချင်သပနောင်တော်ရာ မန္တလေးမှာ ဆုံကြမယ်ဗျာ :) :)
Anonymous said...
ကိုပိုင်မင်းဆွေ
လာမကြည့်ဖြစ်တာတောင် ကြာသွားပြီ ..
ကဗျာတွေ ကူးသွားသလို၊ ကဗျာတွေထားခဲ့ပါတယ် ..
ကိုထက်
(1) Mg Chaw Nwe (69 poems)
http://www.zshare.net/download/175878966bc69efc/
http://www.mediafire.com/download.php?zifcmyb85us
(2) Aung Chaint
http://www.zshare.net/download/17667829f14c151f/
http://www.mediafire.com/?wltk4e0xi18
(3) Mg Thar Noe - A Cloud in Trousers
http://www.zshare.net/download/1773127518ed5048/
http://www.mediafire.com/?4vatgbiuq3l
(4) Mg Thit Min - Three Men' Sky
http://www.zshare.net/download/17841405ba6e7025/
http://www.mediafire.com/?2waazqidrwa
အောင်သာငယ် said...
ဒီအိမ်လေးကိုတော့ ရင်ဘတ်ထဲထည့်ခိုးသွားတယ်ဗျို့
စိုင်းခမ်းထွန်း said...
Good!
လုလင်ငယ်သွေး said...
ကဗျာနုနုရွရွလေးကို အားပေးသွားကြောင်းပါ။ ဒီလိုမျိုးလေးတွေကို ရေးချင်ပေ့မယ် မထွက်ဘူးဖြစ်နေတာ။ လင့်ခ်ထားခဲ့ပါတယ်။ လာလည်ပါဦး။
ein said...
လေထဲက အိမ်လေးက ချစ်စရာလေး...
lone said...
ကဗျာရေးနေတဲ့အချိန်မှာခံစားရတဲ့ကိုမင်းဆွေရဲ့ခံစားချက်တွေကိုနားထောင်ချင်ပါသေးတယ်။အခွင့်အရေးရခဲ့ရင်ပေါ့လေ။
Anonymous said...
ကောင်းမှ ကောင်း... အကြောင်းပြချက်မရှိပဲနဲ့ ကို အလွတ်ကျက် မိတယ်.....